Sunday, March 18, 2018
Baadshaho(2017) or Kings(In English) မြန်​မာစာတန်းထိုး
Baadshaho(2017) or Kings(In English) မြန်​မာစာတန်းထိုး
Imdb Ratings : 5.4/10
Googer User : 81%
Genre : Action,Drama,Thriller
Run Time : 136mins
Release Date : 1st Sep 2017
Language : Hindu,English
အချိန်​ကား 1975 ခုနှစ်​ ​နှောင်းပိုင်း
“The Emergency-အ​ရေး​ပေါ်ထုတ်​ပြန်​ချက်​(1975 ဇွန်​လ 25ရက်​မှ
1977 မတ်​လ 21ရက်)” ထုတ်​ပြန်​ထား​သောကာလ
ဘုရင်​အုပ်​ချုပ်​​ရေးစနစ်​ကို ဖျက်​သိမ်းပြီး
ကွန်​ကရက်​အစိုးရတက်​လာသည့်​အချိန်
တော်​ဝင်​မျိုးနွယ်​မင်းသမီး ဂီတန်​ဂျလီရဲ့ 
(Ileana D’Cruz)ဖခမည်း​တော်​ နတ်​ရွာစံ​တော့
အသစ်​တက်​လာတဲ့ အစိုးရမှာလည်း ​ပြောသ​လောက်​ အာဏာမရှိ​သေး. . .
ဒါကြောင့်​ တိုင်းသူပြည်​သားများကို
တော်​ဝင်​မျိုးနွယ်​​တွေကသာ ​ပေးကမ်းစွန့်ကြဲ​နေရဆဲ. . .
ဖခမည်း​တော်​ကြီး နတ်​ရွာစံပြီ. . .
ခေတ်​ဆန်​တဲ့ မင်းသမီးရဲ့ ​နေထိုင်​ဝတ်​စားပုံ​တွေ​ကြောင့်​ တိုင်းသူပြည်​သား​တွေရဲ့ 
အထင်​​သေး အမြင်​​သေး နဲ့ ယုံကြည်​ချက်​ကင်းမဲ့​နေချိန်
တိုင်းသူပြည်​သား​တွေခမျာ
အစိုးရအသစ်​ကိုပဲ အားကိုးရမလား
တော်​ဝင်​မျိုးနွယ်​ကိုပဲ ဆက်​အားကိုးရမလား မသိ. .အစိုးရအသစ်​ကို 
မ​ထောက်​ခံသူမှန်​သမျှ ​ထောင်​ထဲထည့်​​တော့
တိုင်းပြည်​တစ်​ဝက်​​လောက်​ဟာ ​ထောင်​ထဲမှာ. . .
ဒီလိုအချိန်​ ခိုကိုးရာမဲ့​နေတဲ့ မင်းသမီးဂီတန်​ဂျလီကို
တီပွဲတစ်​ခုမှာ အစိုးရသစ်​ အရာရှိအကြီး ဆန်​ဂျိဆိုသူက မ​တော်​မတရားကြံဖို့ ကြိုးစားရာ 
မ​အောင်​မြင်​တဲ့အခါ ယုတ်​မာဖို့ ကြိုးစားလာတယ်
မင်းသမီးဂီတန်​ဂျလီ့နန်း​တော်​မှာ
ဘိုးဘွားအစဉ်​အဆက်​က ပိုင်​ဆိုင်​လာခဲ့တဲ့ ​ရွှေ​တွေ 
လက်​ဝတ်​ရတနာ​တွေ
ဝင်​​ရောက်​ရှာ​ဖွေ​စေပြီး ​တွေ့ရှိသွားတဲ့အခါ
ုမင်းသမီးကိုလည်း အကျဉ်းချ
ရွှေ​တွေကိုလည်း သိမ်းဆည်းလိုက်​တယ်
ရှေးမင်း​တွေအဆက်​ဆက်​ကတည်းက ပြည်​သူကို​ပေး​ကျွေးဖို့  
တိုင်းပြည်​ရဲ့ 
လိုအပ်​တဲ့​နေရာ​တွေမှာသုံးဖို့ ထားခဲ့တဲ့​ရွှေ​တွေမို့ . 
.အစိုးရအကြီးအကဲတစ်​​ယောက်​ရဲ
ဘမတရားသိမ်းပိုက်​တာကို မခံနိုင်​တဲ့ ဂီတန်​ဂျလီဟာ 
ခမည်း​တော်​လက်​ထက်​ကတည်းက 
အမှုထမ်းခဲ့တဲ့ အပါး​တော်​မြဲ(သက်​​တော်​​စောင့်​)ဘဝါနီ့ (Ajay 
Devgn)အကူအညီနဲ့ ​ရွှေ​တွေပြန်​ရ​အောင်
ကြိုးစားပါ​တော့တယ်
. .
ဇာတ်​ကားကို spoil သလို ဖြစ်​သွားမှာစိုးလို့ 
ကျွန်​​တော်​ ဆက်​မ​ပြော​တော့ပါဘူး
Actionကားလို့ ဆို​ပေမယ့်​ လွန်​ကျူးတဲ့ စတန့်​တွေ မပါပဲ
ခေတ်​​ဟောင်းက ဖိုက်​တင်​မျိုး​တွေ
ဒီကားမှာ ပြန်​မြင်​ရမှာဖြစ်​သလို. . .
အိန္ဒိယနိုင်​ငံရဲ့ အ​ရေး​ပေါ်ထုတ်​ပြန်​ချက်​ ကာလမှာ ဖြစ်​ပျက်​သမျှကို မြင်​​တွေ့ 
ရဦးမှာပါ(​ရွှေဘတို့ ​ခေတ်​ကလို လက်​ကားယား​ခြေကားယားနဲ့ တကယ်​ဖိုက်​ကြတဲ့အတိုင်း)
Ajay Devgn
Ileana D’Cruz တို့ အပြင်
Vidyut Jammwal
Emraan Hashmi
Esha Gupta
Sanjay Mishra
တို့ ပါ ပါဝင်​အားဖြည့်​ထားပါတယ်
ဂီတန်​ဂျလီကပဲ ​ရွှေ​တွေပြန်​ရမလား
ဘဝါနီရဲ့ ကြိုးစားမှု​တွေက​ရော ဘယ်​လိုမျိုးလဲ
ဒီကြားထဲမှာ လျှို့ဝှက်​ထားတဲ့ မင်းသမီးရဲ့ဇာတ်​လမ်းက​ရော ဘယ်​လိုလဲ
ကိုယ်​တိုင်​ ​ဒေါင်းပြီး
ကြည့်​လိုက်​ပါ​တော့ ခင်​ဗျာ. .
No comments:
Post a Comment