Thursday, March 15, 2018

The Outsider (2018) မြန်မာစာတန်းထိုး

The Outsider (2018) မြန်မာစာတန်းထိုး




ဂျပန်ထောင်ထဲ ရောက်နေတဲ့ အမေရိကန်သား တစ်ယောက်က ယာကူဇာထဲကို
ရောက်သွားပြီး ဘယ်လို ရုန်းကန်ခဲ့သလဲ ဆိုတာကို၊ ဂျပန်ပြည် 
အိုဆာကာမြို့လေးကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။
ယာကူဇာတွေရဲ့ အကြောင်းကို အသားပေးပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ။
ယာကူဇာဆိုရင် ဂိုဏ်းတစ်ဂိုဏ်း ပဲလို့ အများစု သိကြပါတယ်။
ဂိုဏ်းတစ်ခုထဲမှာ အဖွဲ့ခေါင်းဆောင်တွေ ထပ်ခွဲပြီး ရှိပါသေးတယ်။
ဒီ ဇာတ်ကားက အဲဒီအဖွဲ့ခေါင်းဆောင်တွေကြားမှာ ရှိခဲ့တဲ့ 
မကြေလည်မှုတွေ၊ သစ္စာဖောက်မှုတွေ၊
 စီးပွားရေးတွေ၊ နယ်မြေ ကိစ္စတွေကို ပေါင်းစပ်ပြီးတော့ ရိုက်ကူးထားပါတယ်။
ယာကူဇာဆိုရင် ဆေးမှင်နဲ့ ကင်းလို့ မရပါဘူး။ ဆေးမှင် တစ်ခုစီတိုင်းက အဓိပ္ပာယ် တစ်ခုဆီ 
ရှိကြတာ၊ အဖွဲ့ဝင်လိုက်တာနဲ့ ခေါင်းဆောင်ကို အဖေတစ်ယောက်လို သဘောထားတာ၊ 
အဖွဲ့ဝင်တွေက ညီအစ်ကိုလို သဘောထားကြတာ၊ ခေါင်းဆောင်ကို သိက္ခာကျစေရင်
 နောင်တရကြောင်း ပြတဲ့အနေနဲ့ အိုတိုရှိမဲ လုပ်ကြတာ (လက်ဆစ်ကို ဖြတ်တောက်ပေးတာပါ) စတဲ့ 
ယာကူဇာနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ခံစား ကြည့်ရှုရမှာပါ။
အထူးခြားဆုံးကတော့ အမေရိကန် နိုင်ငံသားက ယာကူဇာထဲကို ဘယ်လို ရောက်သွားပြီး ဘယ်လို
 သစ္စာခံခဲ့သလဲ ဆိုတဲ့ အကြောင်းတွေကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။
ဒရာမာ ဇာတ်ကားတစ်ကားကို အေးအေးလူလူ ကြည့်ချင်တဲ့ သူတွေအတွက်တော့
တိုက်ရိုက်ကြည့်

1 comment:

  1. Stainless Steel - Titanium Arts
    Stainless steel is ford edge titanium a solid titanium exhaust alloy of steel mens titanium earrings and is a solid version of other stainless steel plates. It also womens titanium wedding bands uses a is titanium expensive solid-steel plate to handle the inside. This alloy can $12.90 · ‎In stock

    ReplyDelete